တိမ်တိုက်တော့ တိမ်တိုက်လေးပါပဲ
ရင်ထဲကသွေးတွေလဲ မဲညို့ရင်ညို့လို့
ကြည်လင်ရင်လည်း ဖြူစင်လို့ပေါ့
တိမ်ဘဝလေးတွေက တစ်ခါငေးရုံနဲ့ရင်လေးစေလိမ့်မယ်
လွင့်မြောရင်း သည်းခြေပျက်သူတွေ
လွင့်မြောရင်း တိမ်ဆိုင်မြင့်မားသူတွေ
အချိန်တန်တော့ အိမ်ပဲပြန်ကြရတာပဲလေ
တချို့တော့ ပြိုကျလို့ငိုရတဲ့ရက်တွေရှိလေရဲ့
တချို့တော့ ကြည်စင်လို့အိမ်ပြန်မြင်သွားကြလေရဲ့
ခံရတာများရင် လွင့်မြောတတ်တယ်
နာကျဉ်းတာများရင် ကွယ်ပျောက်သွားတတ်ရဲ့
လေဟုန်စီးရင်း ပျော်သူကပျော်
လေဟုန်စီးရင်း ငိုသူကငို
တိမ်လိုလေလိုလေးပဲလွင့်လို့
ပျော်ရွှင်ရက် နည်းလေခြင်း။
ဒီတိမ်တိုက်ကလည်း လေဟုန်စီးပျော်သူ
လေအဟုန်ရဲ့ဒါဏ်ပေတေခံရင်း
ချစ်ခြင်းရဲ့ ငှက်ကျေးလေးကို
သံယောဇဉ်တွယ်မိလေခြင်း
ရင်နဲ့ရင်းတော့ သူ့အနားမခွာချင်အောင်နော့
မျှော်ငေးရင်း လေပေါ်အိမ်လေးဆောက်မိရုံပေါ့
သံယောဇဉ်ရဲ့ အရင်ခံကနာကျဉ်ခြင်းတွေဝေးစေတယ်
မေတ္တာရဲ့ အရင်းခံကမျော်လင့်ခြင်းကိုတက်မက်စေရဲ့
တိမ်တိုက်ဘဝလေး ကျပေးလိုက်မယ်
တိမ်ရဲ့အရိပ်မှာနားပါငှက်ငယ် ။
( တိမ်တိုက်ဆိုတဲ့ နာမည်လေးက အများကမဖြူစင်ဘူးလို့သတ်မှတ်ထားတဲ့
ငွေကြေးနောက်လိုက်ရင်းဘဝပျက်ကာ အိုဗာစတေးဖြင့်တပါးနိုင်ငံတွင်
ဒုက္ခခံမြောလွင့်ရင်း အလုပ်တစ်ခုမကောင်းတစ်ခုပြောင်းနေရသော သူများကိုယ်စား ။ )
0 ဦးမှတ်ချက်ရေးသွားပါသည်။:
Post a Comment